Call Center 067 422 573

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်   ၏ JICA SME Two Step Loan ချေးငွေစည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း။

(၁၇.၁.၂၀၂၀) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီး လမ်းဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ JICA SME Two Step Loan ချေးငွေစည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဝင်းနှင့် Agency အဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်(၈၂)ဦး တို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Agency ဥက္ကဋ္ဌဝန်ကြီး ဦးသန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးလှစိုးမှ JICA SME Two Step Loan ချေးငွေနှင့် ပတ်သက်ပြီး ဘဏ်မှဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။