Call Center 067 422 573

အထွေထွေအမေးအဖြေများ

Cheque စာအုပ် (သို့မဟုတ်) ငွေစုစာအုပ်ပျောက်သွားခဲ့ရင် Call Centerကို ဖုန်းဆက် အကြောင်းကြားခြင်း (သို့) နီးစပ်ရာဘဏ်ကို အရင်ဦးဆုံ: အကြောင်းကြားပေးရပါမည်။ ထို့နောက် စာရင်းပိုင်ရှင် ကိုယ်တိုင် ဘဏ်သို့လာရောက်၍ စာအုပ်ပျောက်ဆုံးကြောင်း လာရောက် လျှောက်ထားနိုင်ပါသည်။

သက်ငယ်စာရင်းဖွင့်လိုပါက မိဘ အုပ်ထိန်းသူ၏ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ကလေး၏ မွေးစာရင်းမိတ္တူ တို့နှင့်အတူ အုပ်ထိန်းသူ ကိုယ်တိုင် လာရောက်လျှောက်ထား ဖွင့်လှစ်နိုင်ပါသည်။

Lorem ipsum dolor sit amet, tellus tincidunt, mauris consectetuer nisi mi scelerisque, et metus amet vitae, sit sed rutrum aliquam morbi a

မိုဘိုင်းဘဏ်လုပ်ငန်းအမေးအဖြေများ

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဇမ္ဗူသီရိဘဏ်ခွဲကြီးနှင့် ဘဏ်ခွဲများတွင်လည်း စာရင်းဖွင့်နိုင်ပါသည်။

NDB Bank Mobile App ကို အသုံးပြုရန်အတွက် အင်တာနက် လိုအပ်ပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် မိုဘိုင်းစာရင်းကို ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်းတို့ဖြင့် ချိတ်ဆက် အသုံးပြုထားခြင်းအားဖြင့် မိမိ စာရင်းအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ အခြားသူများ၏ စာရင်းသို့ ငွေလွှဲခြင်း၊ စာရင်းရှိ ငွေလက်ကျန်ကြည့်ရှုခြင်း၊ ဘဏ်စာရင်းရှင်းတမ်း ကြည့်ရှုခြင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ အခွန်အခများကို ပေးချေဆောင်ရွက်ခြင်း၊ စာရင်းရှင်စာရင်း၏ Cheques Status/ Cheque Stop ဝန်ဆောင်မှုများ နှင့် ဖုန်းဘေလ်များ ဖြည့်ခြင်း တို့ကိုဆောင်ရွက်နိုင်ပါသည်။

မိမိ၏စာရင်းအချင်းချင်း လွှဲပြောင်းခြင်း လုပ်ဆောင်ရာတွင် ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။

Customer ၏ စာရင်းမှ အခြားသူများ၏စာရင်းသို့ ငွေသား လွှဲပြောင်းမှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ အခွန်အခများကို ပေးဆောင်ရာတွင် လည်းကောင်း ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝန်ဆောင်ခကို Customer ၏ စာရင်းမှ နုတ်ယူသွားမည်ဖြစ်ပါသည်။

PIN Number ကို (၃) ကြိမ်အထိ မှားယွင်း ရိုက်မိပါက Mobile Account မှာ Lock ကျသွားပါမည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် မိုဘိုင်းဘဏ်စာရင်း Lock ကျသွားလျှင် ဘဏ်၏ Call Center သို့ ဆက်သွယ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ Call Center သို့ ဖုန်းဖြင့် ဆက်သွယ်ပြီးသော်လည်းကောင်း၊ နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်၍လည်း ပြန်လည် လျှောက်ထားနိုင်ပါသည်။

ဘဏ်မှ Customer၏ ဖုန်းနံပါတ်ကို စာရင်းသွင်းပြီး မိုဘိုင်းစာရင်း ဖွင့်လှစ်ထားခြင်းဖြစ်သည့်အတွက် Customer မှ မိမိကိုယ်တိုင် ပြောင်းလဲ၍ အသုံးပြု၍ မရနိုင်ပါ။ ဖုန်းနံပါတ်ပြောင်းလဲ အသုံးပြုလိုပါက နီးစပ်ရာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် ဘဏ်ခွဲများသို့ သွားရောက်၍ မှတ်ပုံတင်မိတ္တူကို ယူဆောင်ပြီးပြောင်းလဲလျှောက် ထား နိုင်ပါသည်။

မိုဘိုင်းဘဏ်စာရင်းကို အသုံးပြုပြီးပါက Menu Bar မှ တဆင့် Sign Out ကို နှိပ်ပြီး ပိတ်သင့်ပါသည်။

၂၄ နာရီ အသုံးပြုနိုင်ပြီး အင်တာနက်ရရှိသော မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပါသည်။

NDB Mobile App ကို Update ပြုလုပ်ရန် လိုအပ်ပါသည်။

Performance Bank Guarantee

  • (၁) Customer ၏ လျှောက်လွှာ
    • (က) လူပုဂ္ဂိုလ်တစ်ဦးတည်းအမည်ဖြင့် လျှောက်ထားပါက
      – ကုမ္ပဏီ Letter Head ဖြင့် အစည်းအဝေး ဆုံးဖြတ်ချက်
      – ကုမ္ပဏီ Letter Head ဖြင့် ကိုယ်စားလှယ် လွှဲအပ်စာ
      – ကိုယ်စားလှယ် ကိုယ်တိုင်၊ မှတ်ပုံတင်မူရင်း ယူဆောင်လာရမည် ဖြစ်ပါသည်။
    • (ခ) ကုမ္ပဏီ အမည်ဖြင့် လျှောက်ထားပါက
      – သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
      – ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်
      – ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ
      ဒါရိုက်တာ စာရင်းများနှင့် Share ရှင်းတမ်းများ
  • (၂) ဌာနဆိုင်ရာ နှင့် ကုမ္ပဏီတို့ နှစ်ဦးသဘောတူ လုပ်ငန်းစာချုပ်မိတ္တူ တို့ ယူဆောင်လာရမည် ဖြစ်သည်။