Call Center 067 422 573

ကျွန်ုပ်တို့အကြောင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၈.၂.၂၀၁၃) ရက်စွဲပါ လိုင်စင်အမှတ် – မဗဘ/ ပီ-၂၉ / (၂)၂၀၁၃ အရ (၁၂.၅.၂၀၁၃) ရက်နေ့တွင် အမှတ် (၂၅/၂၆) ရာဇသင်္ဂဟလမ်း၊ အင်ကြင်းပန်းအဝိုင်းအနီး ၊ ဥတ္တရသီရိမြို့နယ် နေပြည်တော်၌ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး (၁၅.၂.၂၀၁၄) ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေးဝင်း ၊ အမှတ် (၀၉) သီရိကျော်စွာလမ်းတွင် ဘဏ်ရုံးချုပ်ကြီးအား ပြောင်းရွှေ့ဖွင့်လှစ်၍ (၁၇.၂.၂၀၁၄) နေ့မှစ၍ ရုံးချုပ်နှင့်ဘဏ်ခွဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဇမ္ဗူသီရိဘဏ်ခွဲကြီး၏ အုပ်ချုပ်မှုဖြင့် (၇.၃.၂၀၁၄)ရက်နေ့တွင် သပြေကုန်းဈေးဘဏ်ခွဲငယ်ကို လည်းကောင်း၊ ၎င်းအပြင် (၁၁.၃.၂၀၁၅) ရက်နေ့တွင် ဥတ္တရသီရိ ဘဏ်ခွဲကြီး၏ အုပ်ချုပ်မှုဖြင့် အာဟာရသုခဈေးဘဏ်ခွဲငယ်ကို လည်းကောင်း၊ (၁၁.၉.၂၀၁၅) ရက်နေ့တွင် မြို့မဈေးဘဏ်ခွဲငယ် ကိုလည်းကောင်း၊ (၁.၃.၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားဘဏ်ခွဲကို လည်းကောင်း၊ (၃၀.၁၀.၂၀၁၈) ရက်နေ့တွင် တပ်ကုန်းဘဏ်ခွဲ ကိုလည်းကောင်း တိုးချဲ့ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ခွင့်ပြုမတည်ခွင့်ပြုငွေရင်း (Authorized Capital) ၏ မူလ ခွင့်ပြုငွေမှာ ကျပ်သန်း(၅,၀၀၀)ဖြစ်ပြီး (၂၈-၂-၂၀၁၃) ရက်နေ့တွင် ထည့်ဝင်ပြီး မတည်ငွေရင်း (Paid up Capital) အား ကျပ်သန်း (၂,၀၀၀) ဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုမတည်ငွေရင်း (Authorized Capital) အား ကျပ်သန်း(၅၀,၀၀၀)သို့ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခဲ့ခြင်းအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၁-၆-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၄၈၆/၁၆၈-ကက(၁)/ ၂၀၁၅-၂၀၁၆ ဖြင့် ခွင့်ပြုခဲ့ပြီး ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေ(၂၀၁၆)ခုနှစ် ပုဒ်မ(၃၄) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ (၉-၉-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၁၁၅၂/၅၁၀-ကက(၁)/ ၂၀၁၅-၂၀၁၆၏ခွင့်ပြုချက်အရ ဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်း (Paid up Capital) ကို ကျပ်သန်း(၂၀,၀၀၀)အထိ တိုးမြှင့်ထည့်ဝင်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းပြင် ဘဏ်၏ နှစ်စဉ်အမြတ်ငွေပေါ်မူတည်၍ ဘဏ်၏မတည်ငွေရင်းအားလည်း တိုးမြှင့် ထည့်သွင်းသွားရန် လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

NAYPYITAW DEVELOPMENT BANK

Exchange Rate

08/02/2023

(10:00 am)

Reference Exchange Rate of
CurrencyBuy (Kyat)Sell (Kyat)
USD121002106
EURO123142323
SGD115761583
THB16162
MYR1464466
Annual Report

Policies

Code for content
Code for content