Call Center 067 422 573

(၁၅.၁.၂၀၂၀) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ မုံရွာမြို့ (ကညနရုံးအနောက်ဘက်) ၌ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ JICA Two Step Loan ချေးငွေ စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ပေးသွား မည့် အစီအစဉ်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကို၊ SME တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် SMEလုပ်ငန်းရှင်များတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် အထွေထွေမန်နေဂျာ ဦးလှမင်းဦး မှ JICA SME Two Step Loan ချေးငွေနှင့်ပတ်သက်ပြီး ဘဏ်မှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။