Call Center 067 422 573

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က Online အသုံးပြုကာ ငွေကြေးလိမ်လည်ခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသိပညာဖြန့်ဝေခြင်းအား ထပ်ဆင့်မျှဝေပေးပါသည်။

ငွေကြေးလိမ်လည်ခံရမှုများမှ ကာကွယ်နိုင်စေဖို့ သတိရှိပါ

ယခုအခါတွင် နည်းပညာတိုးတက်လာသည်ကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည် သူများသည် နည်းလမ်းပေါင်းများစွာကိုအသုံးပြုကာ လိမ်လည်လှည့်ဖျားလျက်ရှိပါသည်။ ချေးငွေ နှင့်ပက်သက်ပြီးလိမ်လည်သူများသည် ဆိုရှယ်မီဒီယာ Page များဖွင့်၍ ဘဏ်များနှင့်အ ခြားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ အယောင်ဆောင်၍ အစုရှယ်ယာများဝယ်ယူစု ဆောင်ခြင်း (သို့မဟုတ်) အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးယူနိုင်ပြီး အလွယ်တကူ မြန်မြန် ဆန်ဆန်ရရှိနိုင်မည့် ချေးငွေအခွင့်အလမ်းအစရှိသည်တို့ကို ဆိုရှယ်မီဒီယာသို့ မက်ဆေ့ချ်များမှ တစ်ဆင့် ပေးပို့ပြီး ဆွဲဆောင်လေ့ရှိပါသည်။

ထို့ကြောင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် နှင့် NDB mBanking အသုံးပြုသူ Customer များအနေဖြင့် ငွေကြေးလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာအ ချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိပြီး အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေ ရန် အရေးကြီးပါသည်။ မိမိ၏ အချက်အလက်များကို မသမာသူများ၏ တလွဲအသုံးချခြင်း ကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အောက်ပါအချက်များကို သတိပြုလိုက်နာသင့်ပါ သည်။

  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်း မပြုရန်၊
  • မိမိ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိကိုယ်ကိုကာကွယ် ခြင်းဖြစ်သောကြောင့် အလေးထား သတိပြုရန်၊
  • နိုင်ငံသားစိစစ်ရေးကတ်၊ ကိုယ်ရေးအချက်အလက်များနှင့် OTP Password များကို Online ပေါ်တွင် မျှဝေခြင်း မပြုရန်၊
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူး၍ မသက်ဆိုင်သူထံ ပေး အပ်ခြင်း မပြုရန်၊
  • ကမ်းလှမ်းချက်များသည် တရားဝင်မှုရှိ မရှိ သက်ဆိုင်ရာဘဏ်သို့ ဆက်သွယ်မေး မြန်းရန်၊
  • မိမိပတ်ဝန်းကျင်ရှိ အခြားသူများ လိမ်လည်မခံရအောင် လိမ်လည်မှုဖြစ်စဉ်အား သတင်းပို့ခြင်း၊ ဖြန့်ဝေပေးခြင်းဖြင့် ကာကွယ်ကြရန်၊

ဘဏ်စနစ်ကို အသုံးပြု၍ လိမ်လည်မှုပြုခြင်းသည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို ခိုးယူရန် လူလိမ်များမှ မသမာသောနည်းလမ်းမျိုးစုံဖြင့် ကြိုးစားရာတွင် အသုံးများသော နည်းလမ်းတစ်ခုဖြစ်ပါ သည်။ ထိုသို့သော လိမ်လည်မှုများကို သတိရှိစွာ ရှောင်ရှားနိုင်ခြင်းသည် မိမိအကျိုးစီးပွား အား ကာကွယ်နိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။

NDB Bank မှ ဝန်ထမ်းများသည် Customer များ၏ ကိုယ်ရေးအချက်အလက်များကို ဖုန်း ခေါ်ဆို မေးမြန်းခြင်း၊ SMS မှတဆင့် မေးမြန်းခြင်း၊ Social Media များမှ မေးမြန်းခြင်းတို့ လုံးဝ (လုံးဝ) ပြုလုပ်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

Bank မှ ဝန်ထမ်းများကလည်း လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖုန်းခေါ်ဆိုမေးမြန်းခြင်း၊ SMS မှတဆင့်မေးမြန်းခြင်း၊ E Mail မှ တဆင့်ဆက်သွယ်ခြင်း၊ ဝန်ထမ်းကတ်ပြ၍ ဆက်သွယ်ခြင်း၊ Digital Apps များမှတဆင့် ဆက်သွယ်မေးမြန်းခြင်းတို့ လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

သတင်းများ